ကချင်ပြည်နယ်တရားလွှတ်တော်အဆောက်အအုံသစ်မြေနေရာကိစ္စတင်ပြခြင်း

မြေနေရာကိစ္စတင်ပြခြင်း

ကချင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ၂၃.၁.၂၀၂၁ ရက်နေ့ ၀၉:၁၅ နာရီတွင် ပြည်နယ် တရားလွှတ်တော် အဆောက်အအုံသစ်တည်ဆောက်ရန် မြေနေရာချထားပေးရေး အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးထွန်းထွန်းဦးတို့၏ တင်ပြမှုကို ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အအုံသစ် ဆောက်လုပ်နိုင်ရေးနှင့် မြေနေရာလိုအပ်ချက်အပေါ် ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဝန်ကြီးဌာနများနှင့် ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်ပေးခဲ့သည်။