.
တရားသူကြီးချုပ်ဒေါ်အေးအေးမော်ကို ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ခန့်အပ်ခဲ့ပါသည်။
ဒေါ်အေးအေးမော်ကို ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် စတင်ခန့်အပ်ခဲ့ပါသည်။
တရားသူကြီးချုပ်ဒေါ်အေးအေးမော်ကို ၁၉၆၅ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ မွေးဖွားခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ်မှ ၁၉၈၆ ခုနှစ်တွင် ဥပဒေဘွဲ့ကိုလည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် မဟာဥပဒေဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါသည်။
ဒေါ်အေးအေးမော်သည် ၁၉၈၇ ခုနှစ်တွင် တရားရေးဝန်ထမ်းအဆင့်(၄)အဖြစ် တရားရေးဌာနတွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယညွှန်ကြားရးမှူးချုပ်အဆင့်အထိ စုစုပေါင်း လုပ်သက်(၃၇)နှစ်ကျော် တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဒေါ်အေးအေးမော်သည် အိမ်ထောင်မရှိသူတစ်ဦး ဖြစ်ပါသည်။