၂၀၂၄ ခုနှစ်၊ ဖေဖော်ရီလ ၂၂ တွင် ကချင်ပြည်နယ်တရားလွှတ်တော်၌ ကချင်ပြည်နယ်တရားလွှတ်တော်၊ မြစ်ကြီးနားခရိုင်တရားရုံး၊ မြစ်ကြီးနားမြို့နယ်တရားရုံးနှင့် ကချင်ပြည်နယ်ရှေ့နေအသင်းတို့ အသင်း ၄ သင်း ပူးပေါင်းကာ မြန်မာ့ရိုးရာထမနဲထိုးပွဲကျင်းပရာ ယှဉ်ပြိုင်အဖွဲ့များနှင့် အိုးစည်ဒိုးပတ်အဖွဲ့ တိုးအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဏကျော်ထင်ဦးတူးဂျာ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီး ဦးတူးမော်နှင့် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ပြုံးပြုံးကြည် တို့က ဆုငွေများချီးမြှင့်ခဲ့ပါသည်။ ယင်းထမနဲထိုးပွဲသို့ အင်အား ၁၂၀ ဦးတက်ရောက်ပါသည်။