သတင်းများ

ကချင်ပြည်နယ်တရားလွှတ်တော်နှင့် ကချင်ပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်တရားရုံးများ၏ ကြန့်ကြာမှုခင်းများ အမြန်ပြီးပြတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ကချင်ပြည်နယ်တရားလွှတ်တော်နှင့် ကချင်ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ် တရားရုံးများ၏ ကြန့်ကြာမှုခင်းများ အမြန်ပြီးပြတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၄ ရက်နေ့ နံနက် ၉:၀၀ နာရီ အချိန် ကချင်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ပြုံးပြုံးအေး နှင့် ဦးတူးမော်၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးခင်မောင်မြင့် နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် တရားရုံးများမှ တရားရေးအရာရှိများပါဝင်သည့် တရားသူကြီးစုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

            လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာက မိမိတို့တရားရုံး၌ လက်ခံစစ်ဆေးလျက်ရှိသောအမှုများကို ကြန့်ကြာမှုမရှိစေရန် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ ညွှန်ကြားချက်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်နှင့်မြန်မြန် ပြီးပြတ် အောင်စစ်ဆေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်သေများကိုစစ်ဆေးရာ၌လည်း အမှန်တရားကို ဖော်ဆောင်နိုင်အောင် သက်သေခံဥပဒေ လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များကို လိုက်နာလျက် စစ်ဆေးရမည်ဖြစ်ကြောင်း၊ တရားရုံးများ၌ မှုခင်းများကြန့်ကြာမှုမရှိစေရန် သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်း များနှင့် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်ကာ အမှုများကို စစ်ဆေးဆုံးဖြတ်သွားရန် လမ်းညွှန် မှာကြားခဲ့သည်။ ၎င်းနောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ပြုံးပြုံးအေး နှင့် ဦးတူးမော်တို့က တရားစီရင်ရေးကိစ္စရပ်များ ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်တရားရေးဦးစီးမှူး ဦးခင်မောင်မြင့်က တရားရုံး စီမံခန့်ခွဲရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။

            ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် တရားရုံးများမှ တရားရေးအရာရှိများ၊ တရားသူကြီးများက မိမိတို့ရုံး၏ ရုံးလုပ်ငန်းများကို ဆွေးနွေးတင်ပြ ကြရာ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက တင်ပြချက်များအပေါ် နိဂုံးချုပ် လမ်းညွှန်အမှာစကား ပြောကြားကာ အစည်းအဝေးကို မွန်းတည့် ၁၂:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။