သတင်းများ

ကချင်ပြည်နယ်တရားလွှတ်တော်နှင့် မြစ်ကြီးနားခရိုင်၊ မြို့နယ်တရားရုံးများသို့ မြစ်ကြီးနားတက္ကသိုလ် ဥပဒေပညာဌာန၊ ပဥ္စမနှစ်ကျောင်းသား၊ ကျောင်းသူများက တရားခွင်လက်တွေ့လေ့လာခြင်း အစီအစဉ်

                 ကချင်ပြည်နယ်တရားလွှတ်တော်သို့ တရားခွင်လက်တွေ့လေ့လာရန် ရောက်ရှိလာသည့် မြစ်ကြီးနား တက္ကသိုလ်ဥပဒေပညာဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုသည့် အခမ်းအနားအား 2024 ခုနှစ်‌၊ ဖေဖော်ဝါရီလ 26 ရက်နေ့ နံနက် (9:00)နာရီအချိန်၊ ကျင်းပခဲ့ရာ အခမ်းအနား အစီအစဉ်အရ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဏကျော်ထင်ဦးတူးဂျာက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးမော်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီး ဦးအောင်မြင့်၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ပြုံးပြုံးကြည်နှင့် မြစ်ကြီးနား တက္ကသိုလ်ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ဒေါ်ခင်စိုးစိုးလင်း တို့က မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်ကြသည့် ကျောင်းသူ၊ ကျောင်းသားများအား ကချင်ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ပြုံးပြုံးကြည်က ကချင်ပြည်နယ် တရားလွှတ်တော်၏ တရားရုံးဆောင်ရွက်ချက်များကို PowerPoint ဖြင့် ပြသရှင်းလင်းခဲ့ပါသည်။ ကျောင်းသား၊ ကျောင်းသူများ၏ကိုယ်စား ဥပဒေနောက်ဆုံးနှစ်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ မြစ်ကြီးနားတက္ကသိုလ် ဥပဒေပညာဌာနနှင့် ကချင်ပြည်နယ်တရားလွှတ်တော်တို့က အမှတ်တရလက်ဆောင်များကို လဲလှယ်ပေးအပ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသား ၅ ဦးက အမှတ်တရလက်ဆောင် ပေးအပ်ခြင်း၊ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားအား နံနက်(10:30) အချိန် ခန့်တွင် ရုပ်သိမ်းခဲ့ပါသည်။

                        ကျောင်းသား၊ ကျောင်းသူများသည် ကချင်ပြည်နယ်တရားလွှတ်တော်၊ မြစ်ကြီးနားခရိုင် တရားရုံးနှင့် မြစ်ကြီးနားမြို့နယ်တရားရုံးတို့တွင် တရားခွင်လက်တွေ့လေ့လာခြင်းများ ပြုလုပ်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ