တရားလွှတ်တော်

တရားသူကြီး ဒေါ်ပြုံးပြုံးကြည်

ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ပြုံးပြုံးကြည်သည် ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ခန့်အပ်ခဲ့ပါသည်။

ဒေါ်ပြုံးပြုံးကြည်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ၁၉၆၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် အထက်တန်းရှေ့နေ စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် အင်္ဂလိပ်စာဒီပလိုမာဘွဲ့ကို ရရှိခဲ့ပါသည်။ ၁၉၈၇ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ပညာရေးဌာနတွင် မူလတန်းပြ၊ အလယ်တန်းပြ ဆရာမတာဝန် ထမ်းဆောင်ခဲ့ပါသည်။

၁၉၉၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် တရားရေးဝန်ထမ်းအဆင့်(၄)တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ရှမ်းပြည်နယ်တရားရေးဦးစီးမှူးတာဝန်၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီးတရားရေးဦးစီးမှူးတာဝန်၊ ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ကချင်ပြည်နယ်တရားရေးဦးစီးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး ဝန်ထမ်းလုပ်သက် (၃၇)နှစ်အထိ ပညာရေးဌာနနှင့် တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဒေါ်ပြုံးပြုံးကြည်သည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်ပြီး သားတစ်ဦး ရှိပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ