ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်ပြုံးရီသည် ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး အဖြစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ခန့်အပ်ခဲ့ပါသည်။
ဒေါ်ခင်ပြုံးရီသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ ၁၉၉၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တွင် တရားရေးဝန်ထမ်းအဆင့်(၄)တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီးတရားရေးဦးစီးမှူးတာဝန်၊ ၃၀-၁-၂၀၂၅ ရက်နေ့မှ ၉-၄-၂၀၂၆ ရက်နေ့အထိ ကရင်ပြည်နယ်တရားရေးဦးစီးမှူးတာဝန်ထမ်းဆောင်ခဲ့ပြီး တရားရေးအရာရှိ လုပ်သက်နှင့် တရားရုံးဝန်ထမ်းလုပ်သက် (၄၁)နှစ်အထိ တရားရုံးအဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဒေါ်ခင်ပြုံးရီသည် အိမ်ထောင်ရှိသူတစ်ဦး ဖြစ်ပြီး သားတစ်ဦး၊ သမီးနှစ်ဦး ရှိပါသည်။