ရှေ့နေရှေ့ရပ်ကဏ္ဍ

ရှေ့နေရှေ့ရပ်ကဏ္ဍ

ရှေ့နေလိုင်စင်နှင့်ပတ်သက်သည့်အချက်အလက်များ

           ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်လက်အောက်ရှိ ခရိုင်တရားရုံးများ၊ မြို့နယ် တရားရုံးများမှတရားသူကြီးများ၊ တရားရေးအရာရှိများ၊ တရားရုံးဝန်ထမ်းများ၏ တရားလွှတ်တော်ရှေ့နေလျှောက်ထားမှု နှင့်ပတ်သက်၍ အောက်ပါအချက်အလက်များ ပြည့်စုံစွာတင်ပြပါက ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှ စုစည်းပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်ပြပေးပို့ ဆောင်ရွက်ပေးပါသည်။

အထက်ပါလျှောက်လွှာနှင့်အတူ

(၁)     အထက်တန်းပညာစာမေးပွဲအောင်လက်မှတ်မူရင်းနှင့်မိတ္တူ

(၂)   ဥပဒေဝိဇ္ဇာဘွဲ့၊ဥပဒေဘွဲ့၊မှတ်ပုံတင်ရှေ့နေ/အထက်တန်းရှေ့နေ/စာမေးပွဲအောင် လက်မှတ်မူရင်းနှင့် မိတ္တူ

(၃)     အလုပ်သင်ပြီးဆုံးကြောင်းထောက်ခံစာ

(၄)     အကျင့်စာရိတ္တအတွက်ထောက်ခံသူ(၂)ဦး၏ထောက်ခံစာ

(၅)     အလုပ်အကိုင်မရှိကြောင်းကျမ်းကျိန်လွှာ

(၆)     အလုပ်သင်ဆင်းစဉ်က လက်ခံကြောင်း ဤရုံးမှ အကြောင်းကြားစာ

(၇)     တာဝန်ခံကတ်ပြားကို ထုတ်ယူရန် အထူးကပ်ခေါင်းကပ်ရန်

(၈)     နိုင်ငံတော်စိစစ်ရေးကတ်ပြားမူရင်းနှင့်မိတ္တူ

(၉)     တိုက်ပုံအနက်ဖြင့် လိုင်စင်ဓာတ်ပုံ(၃)ပုံ

(၁၀)   မိသားစုသန်းခေါင်စာရင်းမူရင်းနှင့်မိတ္တူ

(၁၁)   ရပ်ကွက် နှင့် ရဲစခန်းထောက်ခံစာမူရင်းတို့ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။